Prison or Palace


Prison or Palace
Originally uploaded by Franklin T..

Native Myanmar Forum ရဲ့ Weekly Photo Contest မှာ “အရိပ်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြိုင်ပွဲလေး ဝင်ဖို့.. ဒီတစ်ပတ် ပိတ်ရက်လေးတွေမှာ အရိပ်တွေကို စိတ်ဝင်တစား လိုက်ရှာကြည့်ခဲ့မိတယ်… စနေနေ့ မနက် ထူးထူးခြားခြား စောစောနိုးလာခဲ့တယ်… ဝရံတာကို ထွက်လိုက်တော့ ဆူညံနေတဲ့ ငှက်သံလေးတွေ… လှောင်အိမ်ထဲက ငှက်လေးတွေ… ကင်မရာကို ဆွဲပြီး ရိုက်မယ်ကြံတော့ နေက ပြန်ဝင်သွားရော… တစ်နေ့လုံး ဒီလိုပဲ ဖြစ်နေတာမို့ ဘယ်လိုမှ ရိုက်ဖို့ အဆင်မပြေလိုက်ဘူး…
[Read more →]

မေ့တတ်ကြသူများ

မေ့တတ်ကြသူများ ဆိုတဲ့ ကလပ်တစ်ခုဖွင့်ရင် ကောင်းမလားလို့တောင် စဉ်းစားမိတယ်… မေ့တတ်လိုက်ကြတာ.. ဒီလို ဒီလို…

၁၀တန်း ကျောင်းသားဘဝက မနက်စောစော အမေက ကြက်ဥကို ဟတ်ဘွိုင်လေး လုပ်ပေးထားပါတယ်… ကျောင်းမသွားခင် စားဖို့ပါ… အဖွားတို့ ခောတ်ထဲက သုံးလာတဲ့ ငွေဇွန်းသေးလေးနဲ့ ကြက်ဥကို အပေါ်ယံလေးဖေါက်.. စားတာပေါ့… စားလဲပြီးရော အမှိုက်ပုံးထဲ သွားလွှင့်ပစ်လိုက်တယ်… ကြက်ဥခွံလေး ကိုင်ပြီး ပြန်ထွက်လာတဲ့ ကျနော့်ကို အမေက “ဟဲ့… ဇွန်းရော…” ဆိုတော့မှ သဘောပေါက်လိုက်တယ်… ကျနော် လွှင့်ပစ်လိုက်တာက ငွေဇွန်းလေး…

ဒီလိုပဲ.. တစ်ခါကလဲ သူငယ်ချင်းတစ်ယောက်နဲ့ စကားတွေ ပြောရင်း လွှင့်ပစ်လိုက်တာက မုန့်.. လက်ထဲ ကျန်နေခဲ့တာက အိတ်ခွံ… ငတ်ရော…

ညီအစ်ကိုလို ခင်ရတဲ့ အကိုကြီး တစ်ယောက်ရဲ့ ဇာတ်လမ်းလေးကတော့ ဒီလိုဗျ… [Read more →]

အမေပြောတဲ့ အမောပြေ

ကျနော့်အမေပေါ့လေ… တစ်ခါတစ်ခါ သူနဲ့စကားပြော.. ရုပ်ရှင်အတူတူကြည့်ရတာပျော်စရာပါ…တစ်ခါက နေတိုးပါတဲ့ ဗီဒီယိုကို ကြည့်နေကြတာပေါ့… သူက ၀င်မေးတယ်.. “အဲဒါဘယ်သူလဲ?” တဲ့.. ဒီတော့ ကျနော်လဲ နေတိုး ဖြစ်ကြောင်း ပြန်ဖြေလိုက်တယ်… သိပ်မကြားလိုက်ဖူးထင်ပါရဲ့.. သူထပ်ပြီး ပြန်မေးရင်း ကောက်ချက်ချလိုက်တာက…
“ဘာတဲ့.. ပေတိုး.. ဟုတ်လား? ဒီလို နာမည်နဲ့ မင်းသားလဲ ရှိသေးတယ်နော်” တဲ့ဗျာ…

ဟိုအရင် တစ်ရက် ကလဲ “ပဲ့တင်သည့်ကံ” ဆိုတဲ့ ဗီဒီယိုကို ကြည့်ဖြစ်ပါတယ်… အမေကတော့ ထုံးစံအတိုင်း ဘေးနားထိုင်ပြီး ငိုက်လိုက် ကြည့်လိုက်နဲ့ပေါ့… ဇာတ်ဝင်ခန်းတစ်ခုမှာ..
“ဒီကောင် ကံကြီးထိုက်မယ်” ဆိုပြီး ပြောတာ…
အိပ်ချင်မူးတူးနဲ့ အမေက..
“ဟဲ့.. ဟိုကောင်က ဘာလို့ သံချေးကိုက်တာလဲ”တဲ့…
ကျနော်တို့တတွေ ရယ်လိုက်ရတာဗျာ…

မနေ့က ဖြစ်ပုံကတော့ နောက်တစ်မျိုး… [Read more →]

အနီရောင်ချယ်တဲ့ မီးပွိုင့်လေး

ကောင်မလေးနှစ်ယောက်.. အရမ်းခင်တဲ့ သူငယ်ချင်းတွေပေါ့…
တရုတ်တန်းကို မရောက်တာကြာလို့ သွားလည်ကြပါတယ်…
ယာဉ်မောင်းသူက နည်းနည်း နမော်နမဲ့နိုင်တဲ့ ကောင်မလေးပါ…

အပြန်လမ်းတစ်ဝက် အရောက်.. ကားမောင်းနေရင်း…
မောင်းတဲ့ ကောင်မလေးက ပြောပါတယ်..
“ဟဲ့.. ငါရှူးပေါက်ချင်နေပြီ.. အောင့်ထားလို့ရတော့ဘူး” တဲ့…
အဲဒီလိုပြောနေတုန်းရှိသေး.. ဘေးကကောင်မလေးက..
“ဟဲ့..ဟဲ့.. ရှေ့မှာ.. ရှေ့မှာ..” ဆိုတော့..
ရှေ့ကကားက မီးနီကိုတွေ့လို့ ဘရိတ်ဆောင့်အုပ်တာပါ..

မောင်းတဲ့ကောင်မလေးလဲ.. ဘရိတ်ကိုအသေနင်းရတော့တာပေါ့..
နောက်မီးစိမ်းလို့ ကားပြန်ထွက်တော့ မောင်းတဲ့ကောင်မလေးကပြောတယ်
“ဟဲ့.. ငါ ဘရိတ်ဆောင့်အုပ်လိုက်တာ.. ရှူးတွေ ထွက်ကုန်ပြီ..” တဲ့…

ဆိုင်းဘုတ်

သမီးရည်းစားနှစ်ယောက်.. ပိတ်ရက်လေးတစ်ရက်မှာလျှောက်လည်..
မိုးမမြင် လေမမြင်.. ပျော်နေကြပြီး…
Shopping mall ထဲက အမျိုးသမီးအင်္ကျီရောင်းတဲ့ဆိုင်ထဲကိုဝင်..
ကောင်လေးက ကောင်မလေးကြိုက်တဲ့ အင်္ကျီလေးတွေ ၀ယ်ပေးမယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့..
ဆိုင်ရှင်အမျိုးသမီးကြီးက အနားလာပြီးမေးပါလေရော..
“ကိုယ်ဝန်ဘယ်နှစ်လရှိပြီလဲ” တဲ့..
ကောင်လေးရော ကောင်မလေးရော ကြောင်သွားတာပေါ့.. ရည်းစားပဲရှိသေးတယ်လေ..
နောက်ဆိုင်ပြင်ပြန်ထွက်ပြီး ဆိုင်းဘုတ်ကြည့်လိုက်တော့မှ..
ကိုယ်ဝန်ဆောင် အင်္ကျီရောင်းတဲ့ဆိုင် ဖြစ်နေတာကိုး…