
ပထမတစ်ခေါက် Las Vegas ကို သွားခဲ့တုန်းက အချိန်မရတော့လို့ Lake Mead ဖက်ကို လမ်းကြုံနေပေမဲ့လဲ.. မဝင်ဖြစ်ခဲ့ပါဘူး… ဒီတစ်ခေါက်တော့ Vegas မှာရှိတဲ့ သူငယ်ချင်းက အတင်းတိုက်တွန်းနေတာနဲ့ပဲ Lake Mead ဖက်ကို နောက်တစ်ခေါက် ထပ်ရောက်ဖြစ်ခဲ့ပါတယ်… ဒီတစ်ခါတော့.. တစ်ကူးတစ်ကကို ရောက်အောင် သွားလိုက်ကြတာပါပဲ…
ကန်ကြီးရဲ့ ကမ်းနဖူးပေါ်မှာ ဟိုလျှောက်ဒီလျှောက် ရိုက်စရာ (ဓါတ်ပုံပြောပါတယ်) လိုက်ရှာရင်း.. စိတ်ကူးလေးပေါက်လာတာကတစ်ကြောင်း၊ ကျနော့်အတွက်လဲ Panorama ကို တစ်ခါမှ မရိုက်ဖူးသေးတာက တစ်ကြောင်းကြောင့်.. စမ်းရိုက်ကြည့်ရင်းကနေ ဒီပုံလေးကိုရလာခဲ့တယ်ဆိုပါတော့…
သင့်တော်တဲ့ အကွာအဝေးတစ်ခုမှာ အရင်ရပ်၊ ကိုယ်ကို တည့်တည့်မတ်မတ်ထားပြီး၊ တတ်နိုင်သလောက် ကင်မရာကို အထက်အောက် ညီအောင် လက်ငြိမ်ငြိမ်ထားပြီး၊ ပုံတွေကို စီလို့ရလောက်အောင် တန်းစီပြီး ရိုက်လိုက်တယ်… အဲဒီလို ဓါတ်ပုံရိုက်နေချိန်မှာ ကိုယ်နဲ့ ခြေထောက်ကို မရွှေ့စေပဲ.. ခါးကိုသာ တစ်ဖြေးဖြေးလှည့်သွားပြီး ရိုက်ယူသွားပါတယ်… တစ်ပုံနဲ့ တစ်ပုံ ပြန်ထပ်လို့ရလောက်အောင်လဲ တစ်ပုံစီထဲမှာ ဝင်အောင် မှန်းဆပြီး ရိုက်ရတာပေါ့ဗျာ… နေဝင်ချိန်လေးကလဲ ဖြစ်နေတော့ ကျနော် ရိုက်နေတဲ့ တောင်တန်းကြီးတွေဆီကို နေထိုးကျနေတာဟာ တော်တော်လေးကို အဆင်ပြေပါတယ်…
နောက်ပြန်ရောက်လာတော့မှ.. Adobe Photoshop CS3 ကို သုံးပြီး ပုံ ၆ပုံလုံးကို stitch လုပ်ပါတယ်… ပြီးတော့မှ JPEG file အနေနဲ့ သိမ်းပြီး.. အရောင်တွေ၊ အလင်းအမှောင်တွေကို Picasa သုံးပြီး နည်းနည်းချိန်ပြီးသွားတဲ့ အခါမှာတော့ အခုမြင်နေရတဲ့ ပုံလေး ရလာတာပါပဲ… ကျနော့်ရဲ့ ပထမဦးဆုံး panorama ပုံလေးပါ…
Tags: Photography by Gu Gu
1 Comment »